ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်း
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်မြင်နိုင်ရေးအတွက် စီမံကိန်း ဝန်ထမ်းများ၏ အသိပညာနှင့် စွမ်းဆောင်ရည်မြှင့်မားစေရန်။ ထိရောက်သော ဝန်ထမ်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ နှစ်စဉ် SMART သင်တန်းများပေးခြင်း၊ GIS သင်တန်းများပေးခြင်း Camera trap သင်တန်းများပေးခြင်း စသည့်သင်တန်းများကို ဆောင်ရွက်လျက်ရှိယုံသာမက စီမံကိန်း အခြေခံအဆောက်အဦ/လုပ်ငန်းသုံးယာဉ်/ပစ္စည်းများကိုလည်း မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
၁ | သစ်တော၊ဇီဝမျိုးစုံမျိုးကွဲများနှင့်သဘာဝထိန်းသိမ်းရေး နယ်မြေများစီမံအုပ်ချုပ်မှု သင်တန်း | ကြိမ် | ၁ | ၁ |
|
၂ | သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များစီမံအုပ်ချုပ်မှု မူဝါဒဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပို့ချခြင်း | ကြိမ် | ၁ | ၁ |
|
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
၁ | သစ်တော၊ ဇီဝမျိုးစုံမျိုကွဲများနှင့် သဘာဝထိန်းသိမ်းရေ;နယ်မြေများ စီမံအုပ်ချုပ်မှုပို့ချခြင်း | ကြိမ် | ၁ | ၁ |
|
၂ | CF နှင့် CFE လုပ်ငန်းများဆောင်ရွက်ခြင်း | ကြိမ် | ၁ | ၁ |
|
၃ | ပြင်ပစာရင်းစစ်ငှားရမ်းခြင်း | နှစ် | ၁ |
|
|
၄ | နည်းပညာအကြံပေးခန့်အပ်ခြင်း | နှစ် | ၁ |
|
|
၅ | အမျိုးသားအကြံပေးခေါ်ယူခြင်း(Midterm review) | ဦး | ၁ |
|
|
၆ | မိတ်ဖက်ကုမ္ပဏီများမှ စီမံကိန်းဧရိယာသို့ Monitoring Visit လာရောက်ခြင်း | ကြိမ် | ၁ |
|
|
၇ | Database အဆင့်မြှင့်တင်ခြင်း | ကြိမ် | ၁ |
|
|
၈ | Website အဆင့်မြှင့်တင်ခြင်း | ကြိမ် | ၁ |
|
|
ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်ခြင်း
စီမံကိန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Remote Sensing and GIS Mapping သင်တန်းအား စီမံကိန်း နှင့် စာရင်းအင်း ဌာန၊ RS/GIS Section မှ ကျွမ်းကျင်ပညာရှင်မှ လူကိုယ်တိုင် စာတွေ့၊ လက်တွေ့ဖြင့်လည်းကောင်း၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုသင်တန်းအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များမှ Zoom platform နှင့်လည်းကောင်း သင်ကြားပို့ချပေးခဲ့ပါသည်။
![]() | ![]() | ![]() |