(PCC/TC)ဖွဲ့စည်းထားရှိခြင်း
စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်မြင်ရေး၊ ဒေသခံပြည်သူတို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေရေး၊ စီမံကိန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လုံခြုံရေးနှင့် ထောက်ပံ့မှုဆိုင်ရာများကို စဉ်ဆက်မပြတ်ကြီးကြပ်သုံးသပ်၍ စီမံကိန်း ပိုမိုတိုးတက်အောင်မြင်စေရန် စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းနှင့်အစည်းအဝေးကျင်းပခြင်း၊ နည်းပညာရပ် ဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် အစည်းအဝေးကျင်းပခြင်း များကို နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ထို့အပြင် သက်ဆိုင်ရာ ကော်မတီဝင်များ၏ ကြီးကြပ်လမ်းညွှန်ခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် စီမံကိန်းဝန်ထမ်းများနှင့် ကွင်းအဆင့် အစည်းအဝေးများပြုလုပ်ခြင်း၊ လစဉ်လုပ်ငန်းညှိုနှိုင်း အစည်းအဝေးများ ပြုလုပ်ခြင်းများကိုလည်း နှစ်အစဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(PCC )ဖွဲ့စည်းခြင်း
စဉ် | ရာထူး၊ဌာန/အဖွဲ့အစည်း | တာဝန် | မှတ်ချက် |
၁ | ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန | ဥက္ကဌ |
|
၂ | ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၃ | ညွှန်ကြားရေးမှူး(စီမံကိန်းနှင့်စာရင်းအင်းဌာန) သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၄ | ညွှန်ကြားရေးမှူး၊ (ကမ်းလွန်) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း | အဖွဲ့ဝင် |
|
၅ | အင်ဂျင်နီယာမှူးကြီး (ကမ်းလွန်) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း | အဖွဲ့ဝင် |
|
၆ | Yadana Asset Manager မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (MGTC) | အဖွဲ့ဝင် |
|
၇ | Corporate Social Responsible Manager မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (MGTC) | အဖွဲ့ဝင် |
|
၈ | Chief Executive Officer တနင်္သာရီပိုက်လိုင်းကုမ္ပဏီ (TPC) | အဖွဲ့ဝင် |
|
၉ | Manager (External Affairs and Administration Department တနင်္သာရီပိုက်လိုင်းကုမ္ပဏီ (TPC) | အဖွဲ့ဝင် |
|
၁၀ | SSHE Manager အက်ဒမန်ပို့ဆောင်ရေးလီမိတက် (ATL) | အဖွဲ့ဝင် |
|
၁၁ | ညွန်ကြားရေးမှူးသဘာဝသယံဇာတထိန်းသိမ်းရေးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
|
၁၂ | ညွန်ကြားရေးမှူး တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၁၃ | ညွန်ကြားရေးမှူးသဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန သစ်တောဦးစီးဌာန | အတွင်းရေးမှူး |
|
နည်းပညာရပ် ဆိုင်ရာကော်မတီ(TC)ဖွဲ့စည်းခြင်း
စဉ် | ရာထူး၊ဌာန/အဖွဲ့အစည်း | တာဝန် | မှတ်ချက် |
၁ | ညွှန်ကြားရေးမှူး သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန | ဥက္ကဌ |
|
၂ | ညွှန်ကြားရေးမှူး သဘာဝသယံဇာတထိန်းသိမ်းရေးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
|
၃ | ဒုတိယညွှန်ကြားရေးမှူး၊သစ်တောသုတေသနဌာန၊သစ်တောဦးစီဌာန | အဖွဲ့ဝင် |
|
၄ | လက်ထောက်ညွှန်ကြားရေးမှူး၊သစ်တောသုတေသနဌာန၊ သစ်တောဦးစီဌာန | အဖွဲ့ဝင် |
|
၅ | လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၆ | လက်ထောက်ညွှန်ကြားရေးမှူး၊ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၇ | ဦးစီးအရာရှိ၊သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၈ | Environment Engineer (MGTC) | အဖွဲ့ဝင် |
|
၉ | Kanbauk Program Leader (MGTC) | အဖွဲ့ဝင် |
|
၁၀ | Kanbauk Program Leader (MGTC) | အဖွဲ့ဝင် |
|
၁၁ | Head, Host Liaison (TPC) (External Affairs and Administration Department) | အဖွဲ့ဝင် |
|
၁၂ | Head of Social Development Projects (ATL) | အဖွဲ့ဝင် |
|
၁၃ | Officer, Social Development Projects (ATL) | အဖွဲ့ဝင် |
|
၁၄ | Engineer, Environment (ATL) | အဖွဲ့ဝင် |
|
၁၅ | Engineer, Environment (ATL) | အဖွဲ့ဝင် |
|
၁၆ | စီမံကိန်းဒါရိုက်တာ ၊ TNRP | အတွင်းရေးမှူး |
|
၁၇ | ဥယျာဉ်အုပ်ချုပ်ရေးမှူး ၊ TNRP | တွဲဖက်အတွင်းရေးမှူး |
|
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
၁ | စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး ကျင်းပခြင်း | ကြိမ် | ၂ | ၂ |
|
၂ | နည်းပညာရပ်ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း | ကြိမ် | ၂ | ၂ |
|
၃ | ကွင်းအဆင့်အစည်းအဝေးကျင်းပခြင်း | ကြိမ် | ၄ | ၄ |
|
၄ | လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း | ကြိမ် | ၆ | ၆ |
|
စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး (PCC) ကျင်းပခြင်း
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
၁ | စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး ကျင်းပခြင်း | ကြိမ် | ၂ | ၂ |
|
၂ | နည်းပညာရပ်ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း | ကြိမ် | ၂ | ၂ |
|
၃ | ကွင်းအဆင့်အစည်းအဝေးကျင်းပခြင်း | ကြိမ် | ၁၂ | ၁ |
|
၄ | လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း | ကြိမ် | ၁၂ | ၁ |
|
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
၁ | စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး ကျင်းပခြင်း | ကြိမ် | ၂ | ၁ |
|
၂ | နည်းပညာရပ်ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း | ကြိမ် | ၄ | ၃ |
|
၃ | ကွင်းအဆင့်အစည်းအဝေးကျင်းပခြင်း | ကြိမ် | ၁၂ | ၉ |
|
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက် သော စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၂)ကြိမ် ကျင်းပနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ပါသည်။
![]() | ![]() |
နည်းပညာရပ်ဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပခြင်း
နည်းပညာဆိုင်ရာကော်မတီအစည်းအဝေးကို ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အတွင်း (၂) ကြိမ် ကျင်းပခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လုပ်ငန်းတိုးတက်မှု နှင့် နည်းပညာဆိုင်ရာ များ အကြံပြုဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးခြင်းစသည်တို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
နည်းပညာဆိုင်ရာကော်မတီအစည်းအဝေးကို ၂၀၂၄-၂၅ ဘဏ္ဍာနှစ် အတွင်း (၄) ကြိမ် ကျင်းပရန် လျာထားခဲ့ပြီး (၁၇-၅-၂၀၂၄)ရက်နေ့၊ (၄-၉-၂၀၂၄)ရက်နေ့ (၁၉-၁၁-၂၀၂၄)ရက်နေ့တို့တွင် ကျင်းပဆောင်ရွက်ခဲ့ပြီး စုစုပေါင်း(၃)ကြိမ်ဆောင်ရွက်ပြီးဖြစ်ပါသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လုပ်ငန်းတိုးတက်မှု နှင့် နည်းပညာဆိုင်ရာ များ အကြံပြုဆွေးနွေးခြင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးခြင်းစသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် အတွင်းကျန်ရှိသည့် (၁)ကြိမ်အား ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
![]() | ![]() | ![]() |
ကွင်းအဆင့်အစည်းအဝေးကျင်းပခြင်း
စီမံကိန်းဧရိယာအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိ တွေ့ကြုံရသော အခြေအနေများကို ကွင်းအဆင့်ဆက်စပ်ကုမ္ပဏီများ၊ ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း (Site Level Meeting) ကိုလည်း (၄) ကြိမ် ဆောင်ရွက်ခဲ့ပြီး တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းက ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက် တို့ကို ဖော်ထုတ်စေ၍ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်စေမည့် နည်းလမ်း များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်မြင်ရေး၊ ဒေသခံ ပြည်သူတို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေရေး၊ စီမံကိန်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လုံခြုံရေးနှင့် ထောက်ပံ့မှု ဆိုင်ရာများကို စဉ်ဆက်မပြတ်ကြီးကြပ်သုံးသပ်၍ စီမံကိန်း ပိုမိုတိုးတက် အောင်မြင်စေရေး ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းဝန်ထမ်းများ၏ လစဉ် လုပ်ငန်းတိုးတက်မှု/ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း များ ညှိနှိုင်းဆွေးနွေးခြင်းကို လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး (PCC) ကျင်းပ ခြင်း
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို (၂)ကြိမ် ကျင်းပရန်လျာထားပြီး (၈-၁၀-၂၀၂၄)ရက်နေ့တွင် (၁)ကြိမ် ကျင်းပခြင်းဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျန်ရှိသည့် (၁)ကြိမ်အား မတ်လအတွင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
![]() | ![]() | ![]() |