မြွေပါ
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၃၅-၄၁ စင်တီမီတာရှိသည်။ အမြီး ၂၅-၂၉ စင်တီမီတာ ရှည် သည်။ Weasel များ၏ အရွယ်အစားနှင့်တူသည့် အသားစားသတ္တဝါ ဖြစ်သည်။ အမွှေးအရောင် မှာ အညိုရောင်မှ နီညိုရောင် သို့မဟုတ် ဝါညိုရောင်သို့ သန်းနေပြီး အမွှေးတစ်ချောင်းစီတွင် ဖျော့သော အညိုရောင်အရစ်နှင့် အညိုနက်ရောင်အရစ်တို့ တစ်ကျော့စီ ရစ်ပတ်လျက်ရှိသည်။ ဦးခေါင်းပိုင်း၊ ခြေထောက်ပိုင်းနှင့် အမြီးတို့၏ အမွှေးအရောင်မှာ ခန္ဓာကိုယ်ပိုင်း အမွှေးရောင်နှင့် တပြေးညီဖြစ်သည်။ အမြီးအရှည်သည် ခန္ဓာကိုယ်ပိုင်းအရှည်နှင့် တူညီ သည်။ လည်ပင်းပိုင်းတွင် အဖြူ ရောင်အမှတ်အသား မပါရှိခြင်းသည်ပင် အရွယ်ပို၍ ကြီးသော ဂဏန်းစား မြွေပါမျိုးမှ ခွဲခြားနိုင်သည့် လက္ခဏာဖြစ်သည်။
ဓလေ့စရိုက်
အဓိကအနေဖြင့် နေ့ခင်းတွင်ထွက်လေ့ရှိသည့် သတ္တဝါမျိုးဖြစ်သည်။ ကျောရိုးရှိသတ္တဝါငယ်များ နှင့် အရွယ်ကြီးသော ကျောရိုးမဲ့သတ္တဝါတို့အပါအဝင် အမျိုးမျိုးသော သတ္တဝါတို့ကို ဖမ်းစားလေ့ ရှိသည်။ တစ်ကောင်ချင်းလိုက်လံ၍ အစာရှာတတ်ပြီး မိမိထက်ပို၍ကြီးသော သတ္တဝါများကိုပင် ဖမ်းစားနိုင်သည်။ ကြွက်များ၊ ငှက်များ၊ မြွေများနှင့် ကင်းမြီးကောက်တို့မှာ မြွေပါ၏ ယေဘုယျ အစာဖြစ်သည်။
နေထိုင်ရာပတ်ဝန်းကျင်
မူရင်းသစ်တောများထက် ပြန်ပေါက်သစ်တောနှင့် ချုံတော၊ မြက်တောများတွင် အနေများသည်။ လူတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံးမှအပ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်သည်။