မူလာရစ်ချေ သို့မဟုတ် တနင်္သာရီချေ
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၇၀-၉၀ စင်တီမီတာ ရှိသည်။ အမြီး ၁၀ စင်တီမီတာခန့် ရှည် သည်။ ခန္ဓာကိုယ်တစ်ခုလုံး အရောင်မှာ အညိုရောင် ဖြစ်သည်။ သာမန်ချေနှင့်စာလျှင် အရွယ်အနည်းငယ် ခန့် ပိုငယ်သော်လည်း ဦးချိုအနည်းငယ်ပို၍ ရှည် သည်။ ခြေထောက်ပိုင်းအရောင်မှာ ပို၍နက်သည်။ ပေါင်၏ အတွင်းဘက်နောက်နားပိုင်းတွင် သိသာ သော ဒေါင်လိုက်အဖြူရောင် အစင်းတန်းကြီး ပါရှိ နေသည်။ အမြီးတို၍ အပေါ်ဘက် အမည်းရောင်ဖြစ် ပြီး အောက်ဘက်အဖြူရောင်ဖြစ်သည်။
ဓလေ့စရိုက်
တနင်္သာရီချေသည် ညဘက်ထွက်လေ့ရှိသည့် သတ္တဝါဖြစ်ပြီး တစ်ညလုံးလိုလို အစာရှာ စားတတ်သည်။ တစ်ကောင်ချင်းနေတတ်ပြီး မိတ်လိုက်ရာသီတွင်သာ အစုံလိုက်တွေ့ရတတ် သည်။ ဆောင်းတွင်း၌ သားမွေး၍ တစ်သားလျှင် တစ်ကောင်သာ မွေးတတ်သည်။
နေထိုင်ရာပတ်ဝန်းကျင်
အမြဲစိမ်းသစ်တောများအတွင်း သွားလာကျက်စားသည်။ ရေရှိရာနေရာအနီး၌ အစာရှာစားနေ လေ့ရှိသည်။ ဒေါနတောင်တန်းမှသည် ထားဝယ်၊ မြိတ်ရှိ တနင်္သာရီတောင်တန်းတစ်လျှောက်၌ တွေ့နိုင်သည်။