Skip to main content

ကြံ့သူတော်

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၂.၂-၂.၄ မီတာရှိသည်။ အမြီးအလွန်တိုသည်။ ၈-၁၀ စင်တီ မီတာမျှသာရှည်သည်။ အရွယ်အစားကြီးမားသော ခွာပါသည့် သတ္တဝါဖြစ်သည်။ ဦးခေါင်းပိုင်း၊ ပခုံးပိုင်း၊ ရင်ဘတ်ပိုင်း၊ ရှေ့ခြေထောက်၊ ဝမ်းဗိုက် ပိုင်း၊ နောက်ခြေထောက်နှင့် အမြီးတို့မှာ အမည်း ရောင်ဖြစ်၍ ပခုံးနောက်မှ တင်ပဆုံပိုင်းအထိ ခန္ဓာကိုယ်ကျောဖက်နှင့် ဘေးဖက်များတွင် အဖြူရောင် ဖြစ်နေသည်။ နှာခေါင်းပိုရှည်ထွက် လျက် နှာမောင်းအသွင်ဖြစ်နေသည်။ နားရွက်ထိပ် ဖျားတွင် အဖြူစက် အကွက်ငယ် ရှိနေသည်။ မွေးကင်းစကြံ့သူတော်ငယ်၏ ခန္ဓာကိုယ်အရောင်မှာ အညိုရောင်အောက်ခံတွင် အလျားလိုက်အဖြူကွက် ငယ်များ ရှိနေသည်။ 

ဓလေ့စရိုက်

သစ်ရွက်များကို ကိုက်ဖြတ်စားသောက်လေ့ရှိသည်။ ညဖက်တွင် အစာထွက်စားလေ့ရှိသည်။ သိုသိပ်၍ ဆိတ်ဆိတ်နေတတ်သည်။ 

နေထိုင်ရာပတ်ဝန်းကျင်

အမြဲစိမ်းမုတ်သုန်တော၊ မြစ်ကမ်းပတ်ဝန်းကျင်သစ်တောများနှင့် ရွက်ကြွေတောများ၌ နေထိုင် သည်။ မြန်မာနိုင်ငံတွင် တနင်္သာရီတောင်ဖက်ပိုင်းနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် သစ်တောများတွင် တွေ့နိုင်သည်။ ကောင်ရေနည်းပါးနေပြီဖြစ်သည်။


 

 

အခြား သတ္တဝါမျိုးစိတ်များ