ဇီဝဆိုင်ရာသုတေသန
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် ပြည်တွင်းပြည်ပအကြံပေး ပညာရှင်များဖြင့် ဇီဝမျိုး စုံမျိုးကွဲများ လေ့လာခြင်း သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၊တောရိုင်း တိရစ္ဆာန်များ နှင့် သဘာဝပေါက်ပင်မျာ စစ်တမ်းကောက်ယူခြင်း၊ နှစ်စဉ် Camera trap များ တပ်ဆင်၍ တောရိုင်း တိရစ္ဆာန်များစာရင်းကောက်ယူခြင်း စသည့် လုပ်ငန်းများကို နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
စဉ် | အကြောင်းအရာ | အရေအတွက် | လျာထား | ဆောင်ရွက်ပြီးစီး | မှတ်ချက် |
၁ | ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်း | လုံး | ၄၀ |
|
|
၂ | ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပေါက်ပင်များ စာရင်းကောက်ယူခြင်း | ကြိမ် | ၁ |
|
|
၃ | ဆေးဖက်ဝင်အပင်များဆိုင်ရာ သုတေသနပြုခြင်း | ကြိမ် | ၁ |
|
|
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
စဉ် | အကြောင်းအရာ | အရေအတွက် | လျာထား | ဆောင်ရွက် ပြီးစီး | မှတ်ချက် |
၁ | ဇီဝမျိုးစုံမျိုးကွဲများ၏ ကျက်စားနေထိုင်မှုများအား လေ့လာရန် ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်း (တပ်ဆင်ခြင်း၊ SD Card / ဓာတ်ခဲ လဲလှယ်ခြင်း၊ ဖြုတ်သိမ်းခြင်းအပါ) | လုံး | ၆၀ | ၇၀ |
|
၂ | ကြံသူတော်စာရင်း ကောက်ယူခြင်း | ကြိမ် | ၁ | ၁ |
|
၃ | နို့တိုက်သတ္တဝါ စာရင်းကောက်ယူခြင်း | ကြိမ် | ၁ | ၁ |
|
၄ | ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပေါက်ပင်များ၊ ဆေးဖက်ဝင် အပင်များဆိုင်ရာ သုတေသန ပြုခြင်း | ကြိမ် | ၁ | ၁ |
|
ဇီဝမျိုးစုံမျိုးကွဲများ၊ တောရိုင်းတိရစ္ဆာန်များ နှင့် သဘာဝပေါက်ပင်များ စာရင်း ကောက်ယူခြင်း နည်းစနစ်သင်တန်းနှင့် စစ်တမ်းကောက်ယူခြင်း၊ သုတေသန ဆောင်ရွက်ခြင်း
ဇီဝမျိုးစုံမျိုးကွဲများ၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝပေါက်ပင်များ စစ်တမ်း ကောက်ယူရန်အတွက် စီမံကိန်းဧရိယာရှိ ရာဖူး၊ မိကျောင်းလှောင်း၊ ဇင်းဘာ၊ ရေပုံး နှင့် သက္ကယ်ကွက်ကျေးရွာများမှ အိမ်ထောင်စု (၁၂၀) အား လူတွေ့မေးမြန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်း (ဇီဝမျိုးစုံမျိုးကွဲများ၏ ကျက်စားနေထိုင် မှုများအား လေ့လာခြင်း) SMART စနစ်မှ ရရှိသည့် သဘာဝပေါက်ပင်ဆိုင်ရာ အချက်အလက်များ လေ့လာသုတေသနပြုခြင်း
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဇီဝမျိုးစုံမျိုးကွဲများ၏ ကျက်စားနေထိုင် မှုများအား လေ့လာနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေရန် ရည်ရွယ်ချက်များဖြင့် စီမံကိန်း ဧရိယာမြောက်ပိုင်းရှိ အလယ်စခန်းနှင့် ရာဖူးစခန်းခွဲဧရိယာများတွင် ကင်မရာထောင်ချောက် (၂၀) လုံးတပ်ဆင်ခြင်းကို လုပ်ငန်းရာသီ အလိုက် လျာထားချက်များအတိုင်း ဆောင်ရွက်ခဲ့ပြီး နို့တိုက်သတ္တဝါ မျိုးစိတ် (၂၂) မျိုးနှင့် ငှက်မျိုးစိတ် (၆) မျိုးကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ ပါသည်။
နို့တိုက်သတ္တဝါမျိုးစိတ် (၂၂) မျိုးအနက် အင်းကျားအပါအဝင် လုံးဝ ကာကွယ်ထား သည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ် (၁၁) မျိုး၊ သစ်ကြောင် အပါအဝင် သာမန် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ် (၉) မျိုးတွေ့ရှိခဲ့ပြီး ငှက်မျိုးစိတ် (၆) မျိုးအနက် လုံးဝကာကွယ်ထားသည့် လင်းယုန်အပါအဝင် ရာသီအလိုက် ကာကွယ် ထားသည့် ငှက်မျိုးစိတ် (၄) မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
|
|
|
![]() | ![]() | ![]() |
![]() | ![]() | ![]() |











