Skip to main content

နောက်ခံသမိုင်း နှင့် ရည်ရွယ်ချက်

နောက်ခံသမိုင်း

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များကို ရေရှည်တည်တံ့စေရေး အတွက် သဘာဝနယ်မြေများ ဖွဲ့စည်းတည်ထောင်ခြင်းကို နိုင်ငံတော်ရည်မှန်းချက်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ အပူပိုင်း မုတ်သုံသစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းနိုင်ရေးအတွက် တနင်္သာရီ သဘာဝကြိုးဝိုင်းကို ၂၀၀၅ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ယခင် သစ်တောရေးရာ ဝန်ကြီးဌာန) မှ အမိန့်ကြော်ငြာစာအမှတ် ၁၈/ ၀၅ ဖြင့် ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ပါသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ အပူပိုင်း မုတ်သုံသစ်တောများနှင့် ဆက်စပ်ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေး အတွက် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၏ ပူးပေါင်းပါဝင်မှုဖြင့် မုတ္တမဓါတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီ၊ တနင်္သာရီပိုက်လိုင်းကုမ္ပဏီနှင့် အက်ဒမန်ပို့ဆောင်ရေးလီမိတက်တို့၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

 

စီမံကိန်းရည်ရွယ်ချက်

  • အပူပိုင်းမုတ်သုန်သစ်တောကြီးများနှင့် မျိုးသုဉ်းပျောက်ကွယ်ရန်အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန်များ၊ သဘာဝအပင်မျိုးစိတ်များကို ရေရှည်တည်တံ့စေရေးအတွက် ကာကွယ် ထိန်းသိမ်းရန်၊
  • ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုပေးခြင်းအားဖြင့် ဒေသခံပြည်သူများက သဘာဝ ကြိုးဝိုင်းနှင့် ဇီဝမျိုးကွဲများ၏ တန်ဖိုးကိုသိမြင်နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်၊