Skip to main content

ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုအထောက်အကူပြု တံမြက်စည်းပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်ခြင်း

        တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်ကူပြုပေးခြင်း အားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့်ဇီဝမျိုးစုံမျိုးကွဲများ၏တန်ဖိုးကို သိမြင်နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်ရည်ရွယ်ချက်ဖြင့် “ဒေသခံပြည်သူများ အသက် မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုအထောက်အကူပြု  တံမြက်စည်းပြုလုပ်ခြင်းသင်တန်း” အား မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခန်းမ (Environmental Education Center – EEC) ၌ ၂၀၂၆ ခုနှစ်၊ မတ်လ (၉) ရက်နေ့မှ မတ်လ (၁၀) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်တာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ရေဖြူမြို့နယ်၊ ကော့လှိုင် ကျေးရွာမှ တံမြက်စည်း လုပ်ငန်းရှင်(၂) ဦးမှ သင်ကြားပို့ချခဲ့ပြီး စီမံကိန်းဧရိယာရှိ ကျေးရွာများ ဖြစ်ကြသည့် ရေပုံးကျေးရွာ၊ မိကျောင်းလှောင်း (ရွာသစ်) ကျေးရွာ၊  မိကျောင်းလှောင်း (ရွာဟောင်း) ကျေးရွာ၊ အင်းပြားကျေးရွာနှင့် ဇင်းဘာကျေးရွာတို့မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။